(meet Dr. Nora)

ကျွန်မက Nutri-Link ကို တည်ထောင်သူ ဒေါက်တာနေဇာမင်း (Dr. Nora) ဖြစ်ပါတယ်။ 2006 ခုနှစ်မှာ ဆေးတက္ကသိုလ် (၂) မှ ဆေးပညာဘွဲ့ကို ရရှိခဲ့ပြီးနောက်၊ စင်ကာပူနိုင်ငံ SingHealth အဖွဲ့အစည်းတွင် Public Health Management ကျွမ်းကျင်သူအဖြစ် (၁၀) နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ထိုအချိန်များတွင် ကျွန်မဟာ ကျန်းမာရေးစနစ်များနဲ့ လူထုကျန်းမာရေး တိုးတက်ဖို့အတွက် လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အသက်သုံးဆယ်ကျော်အရွယ်မှာတော့ ကျွန်မကိုယ်တိုင် ကိုယ်အလေးချိန်တက်လာပြီး “အစားအစာက ကျန်းမာရေးအပေါ် ဘယ်လောက်သက်ရောက်မှုရှိလဲ” ဆိုတာကို လက်တွေ့ခံစားခဲ့ရပါတယ်။ ဒီအတွေ့အကြုံကပဲ ကျွန်မကို အာဟာရပညာရပ် (Nutrition) ကို အလေးအနက်ထပ်မံလေ့လာဖို့ တွန်းအားဖြစ်စေခဲ့ပြီး Nutri-Link ကို စတင်စေခဲ့တဲ့ အကြောင်းရင်းဖြစ်ပါတယ်။
ပညာအရည်အချင်းနှင့် အသိအမှတ်ပြုလက်မှတ်များ
  • MSc in Clinical Nutrition (University of Aberdeen, UK, 2020)
  • MSc in Health Policy, Planning & Financing (London School of Economics and Political Science & London School of Hygiene and Tropical Medicine, UK, 2012)
  • MBBS (ဆေးပညာဘွဲ့) (University of Medicine 2, Yangon, 2006)
  • Associate Nutritionist (ANutr) (Association for Nutrition, UK)
  • Certificate, Cambridge Diabetes Education Programme
  • Certificate, Master the Nutrition Care Process
အထူးပြုကုသမှုနယ်ပယ်
ကျွန်မအနေနဲ့ မှားယွင်းတဲ့ စားသောက်နေထိုင်မှုပုံစံတွေကြောင့် ဖြစ်ပွားလာတဲ့ အဝလွန်ခြင်း၊ ဆီးချို၊ အသည်းအဆီဖုံးခြင်းကဲ့သို့ နာတာရှည်ရောဂါများကို သိပ္ပံနည်းကျ အာဟာရကုထုံး (Medical Nutrition Therapy) နဲ့ ကုသပေးခြင်းကို အထူးပြုပါတယ်။
  • ကိုယ်အလေးချိန် ထိန်းညှိခြင်းနှင့် အဝလွန်ခြင်း (Weight Management & Obesity)
  • ဆီးချိုရောဂါ (Diabetes)
  • သွေးတိုးရောဂါ (Hypertension)
  • အသည်းအဆီဖုံးခြင်း (Fatty Liver)
  • သွေးတွင်း ကိုလက်စထရောများခြင်း (Hypercholesterolemia)
  • အခြားနာတာရှည်ရောဂါများအတွက် အာဟာရဆိုင်ရာ အကြံပေးခြင်း
  • ကျန်းမာစေသော စားသောက်နေထိုင်စားသောက်မှုပုံစံသို့ ပြောင်းနိုင်ရန်အကြံပေးခြင်း

Book your appointment today

Dr Nora နှင့် ဆွေးနွေးတိုင်ပင်ရန်အတွက် အခုပဲ ရက်ချိန်းယူလိုက်ပါ။