၁။ Admin ဆရာဝန်များ၏ လူနာတဦးခြင်းစီအလိုက် ညွှန်ကြားထားသော Treatment Plan, Nutrition Plan, Exercise Plan ညွှန်ကြားချက်များနှင့် ကုသမှုများကို တတ်နိုင်သမျှ တိကျစွာလိုက်နာရန် လိုအပ်ပါသည်။
၂။ Admin ဆရာဝန်တို့၏နေထိုင်ရာ နိုင်ငံ၏ time zone အလိုက် အချိန်ကွာခြားမှုနှင့် အခြားသောလူမှုတာဝန် ဝတ္တရားများကြောင့် Online အမြဲမရှိနိုင်ပါ။ အကြောင်းတခုခုကြောင့် သွေးချို အလွန်ကျ / တက်ခြင်းကဲ့သို့ Diabetes Emergencies အခြေအနေတွင် ဆရာဝန်ကို online မှ ဆက်သွယ်ခြင်းထက် နီးစပ်ရာဆေးရုံ ဆေးခန်းတို့တွင်သာ အရေးပေါ် ကုသမှု ခံယူရန် လိုအပ်ပါသည်။
၃။ Program တွင်မျှဝေထားသော တဦးခြင်းစီအလိုက် ကုသမှု Treatment Plan များ၊ Program content ဆောင်းပါးများ၊ ဓာတ်ပုံများနှင့် သင်တန်းသားတို့၏ ကိုယ်ရေးအချက်အလက်များကို Admin များ၏ ခွင့်ပြုချက်မရှိဘဲ social media ၊ ပုံနှိပ် media တို့မှတဆင့် မိမိသဘောအလျောက် ပြန်လည်မျှဝေခြင်း (လုံးဝ) မပြုလုပ်ရပါ။
၄။ သင်တန်းသား အချင်းချင်း ဆေးမကုရပါ။ ဆေးမြှီးတိုများ မညွှန်ရပါ။
၅။ အချင်းချင်း အပြန်အလှန် လေးစားမှုဖြင့် ဆက်ဆံကြရန် လိုအပ်ပါသည်။
၆။ စည်းကမ်းချက်များ ဖောက်ဖျက်ပါက သင်တန်းမှ ထုတ်ပယ်ခံရနိုင်ပါသည်။
သင်တန်း၏ timetable ကို ဒီမှာကြည့်ပါ။