စက်နှစ်ခုလုံးက ISO standard /FDA standard ရှိလျှင်တောင် ISO /FDA သတ်မှတ်ထားသော (range) အတိုးအလျှော့ပမာဏအတွင်းမှာပင် ကွာခြားနိုင်ပါသည်။ စက်တစ်ခုတည်းနှင့် နှစ်ခါပြန်စစ်သည်ဖြစ်စေ၊ စက် ၂ လုံးနှင့် တစ်ပြိုင်နက်စစ်သည်ဖြစ်စေ ထပ်တူညီသောအဖြေရဖို့ ခဲယဉ်းပါသည်။ သတ်မှတ်ထားသော အတိုး/အလျှော့ ပမာဏအတွင်းတွင် သွေးအဖြေ ဖြစ်နိုင်ချေရှိသည်ကို သိရှိထားရန် အရေးကြီးပါသည်။
ဤတိကျမှုသည် ဆီးချိုရောဂါရှိသော လူနာများအတွက် နှလုံး၊ ကျောက်ကပ်နှင့် ဇီဝကမ္မဆိုင်ရာ (Cardiovascular-Kidney-Metabolic – CKM) ကျန်းမာရေးစီမံခန့်ခွဲမှုတွင် အရေးပါပါသည်။
