Assignment များဖြေဆိုရာတွင် ပေးထားသော text box တွင် နံပါတ်စဉ်ထိုး၍ လိုတိုရှင်း ဖြေဆိုနိုင်ပါသည်။ သို့မဟုတ် computer ကို အသုံးပြုသူဖြစ်ပါက word document တွင် ရေးသားပြီး attachment အဖြစ်လည်း တင်သွင်းနိုင်သည်။ တစ်ခုထက်ပိုသော ဓာတ်ပုံများ တင်သွင်းရသည့် Assignment ဖြစ်ပါက မည်သည့်မေးခွန်းအတွက် ဖြေဆိုသည့်ပုံဖြစ်သည်ကို ပုံပေါ်တွင်စာထိုးခြင်းဖြင့်လည်းကောင်း၊ ဓာတ်ပုံ file name ကို သင့်တော်ရာပေးခြင်းဖြင့်လည်းကောင်း လုပ်ဆောင်နိုင်ပါသည်။ Assignment များဖြေဆိုရာတွင် မြန်မာဘာသာ သို့မဟုတ် English ဘာသာဖြင့် ဖြေဆိုနိုင်သည်။
Assignment Status ကို စစ်ဆေးခြင်း ဖြေဆိုထားပြီးသော Assignment အခြေအနေများကို စစ်ဆေးလိုပါက My Profile –> Assignments တွင် ဝင်ရောက်စစ်ဆေးနိုင်ပါသည်။
Status –> Evaluated သည် Assignment အဖြေကို စစ်ဆေးပြီးကြောင်းဖော်ပြသည်။ မိမိ assignment အတွက် course instructor မှ ပေးသော Feedback ကို ဖတ်ကြည့်ပါ။
Status –> Completed သည် Assignment (Submit) တင်သွင်းပြီးကြောင်း ဖော်ပြသည်။
Status –> Submitted သည် Assignment ကို (Save Draft) ယာယီသိမ်းဆည်းထားကြောင်း ဖော်ပြသည်။
Status –> Started သည် Assignment ကို စတင်ဖြေဆိုနေပြီ ဖြစ်ကြောင်းဖော်ပြသည်။

မိမိတင်သွင်းသော Assignment လုပ်ဆောင်မှုအောင်မြင်ပါက You just submitted assignment ဟူသော email ရရှိပါလိမ့်မည်။ မိမိတင်သွင်းသော Assignment အဖြေကို Instructor မှ စစ်ဆေးပြီးက Your assignment has been evaluated ဟူသော email ရရှိပါလိမ့်မည်။
Assignment များဖြေဆိုရန်အတွက် အချိန် (၇) ရက် သတ်မှတ်ပေးထားပါသည်။ Assignment ကို ဖြေဆိုရန် စတင်မည်ဟု “Start” နှိပ်လိုက်သော အချိန်မှစ၍ (၇) ရက်ကို ရေတွက်သည်။ Assignment များကို သက်ဆိုင်ရာ သင်ခန်းစာ week အတွင်း တင်သွင်းရန် တိုက်တွန်းပါသည်။ သို့မှသာ weekly zoom session တွင် မရှင်းသည့်အချက်များ/ လိုအပ်သည်များကို ထည့်သွင်းဆွေးနွေးနိုင်မည်။
သင်တန်းသားများသည် အဖြေများကို ဖြည့်စွက်ပြီး လိုအပ်သော စာရွက်စာတမ်းများ/ ဓာတ်ပုံများကို ပူးတွဲတင်ပြီးနောက်၊ သူတို့၏ assignment ကို တင်သွင်းရန် “Submit” ကို နှိပ်ရပါမည်။ အကယ်၍ သင်တန်းသားများက အဖြေမပြီးသေးဘဲ နောက်တစ်ကြိမ်တွင် ဆက်လက်လုပ်ဆောင်ရန် သိမ်းဆည်းလိုပါက၊ “Save Draft” ကို နှိပ်ပြီး အဖြေများကို ယာယီသိမ်းဆည်းနိုင်ပါသည်။ မိမိအားသည့်အချိန်တွင် ဆက်လက်ဖြေဆိုပြီး ပြည့်စုံပါက “Submit” လုပ်နိုင်ပါသည်။ Save Draft လုပ်ထားသော အဖြေများကို Submit မလုပ်မိပါက Assignment ဖြေရန် သတ်မှတ်ထားသော အချိန် (၇ ရက်) ပြည့်သွားသောအခါ၊ နောက်ဆုံး Save Draft လုပ်ထားသော အဖြေကို system မှ အလိုအလျောက် (Submit) တင်သွင်းသွားမည် ဖြစ်ပါသည်။